ကဗျာ

နှောင်းတိတ်ဖြစ်ရပ်…အနာဂတ်ဆက်.

ရင်မှာလောင်ကျွမ်း
ဝေဒနာလွမ်း
တမ်းတမျှော်မှန်း
နှောင်းတိတ်အနမ်း
တွေဝေငေးမှိုင်
ဖြေမဆယ်နိုင်…..
ဟောင်းသွားခဲ့ပေါ့
ယခုခါတော့
ကြုံလာတစ်နေ့
့ပြန်ဆုံတွေ့သော်
ကျန်ခဲ့အတိတ်
အချစ်ရိပ်မှ
ပြန်စစေချင်
မောင့်ရင်ခွင်သို့…..
နှောင်းတိတ်အသွင်
မေ့ရင်ခွင်လည်း
ရှိဦးမှာဘဲ
မောင်ယုံဆဲမေ…….

မွေးမေမေသို့ တမ်းချင်း
မေမေ

ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်ဟု ကျွေးမွေးပြုစု
ယုယလာတဲ့ မွေးမေမေ………

တောင်စဉ်တောင်ကျေး ခလေးဘ၀တွင်
ပညာရည်နို့ သောက်စို့ရအောင်
ချော့ယောင်တစ်လည့် ခြောက်ခဲ့တစ်ဖုံ
ဘုံဒုက္ခတွင် ရင်နှစ်သည်းချာ
သားလိမ္မာကို ပညာတတ်ရေး
ကြိုးပမ်းပေးသည့် မွေးမေမေ………..

သားလေးတစ်ယောက်
ပညာတတ်ကာ လူရာဝင်ရေး
နေပူမိုးရွာ မရှောင်ပါပဲ
ကြုံလာဒုက္ခ ဗျာပါဒကို
သောကမြိုသိပ် အံကိုကြိတ်ရင်း
လုပ်ကျွေးရှာသည့် မွေးမေမေ……….

သားလေးတစ်ယောက် စာတွေကိုဖတ်
ပညာတတ်၍ လူလုံးလှကာ
တာဝန်အရ အလုပ်ခွင်ဝင်ရ
အလုပ်ခွင်တွင် မထိခိုက်ပဲ
ကျန်းမာချမ်းသာစေရန်
စိန္တေထံပါး ဆုပန်ရပြန်
ဆီမီးရေချမ်း မပြတ်ကမ်း၍
လွမ်းနေရသည့် မွေးမေမေ………..

တစ်နယ်တစ်ကျေး ရပ်ဝေးမြေမှာ
တာဝန်ထမ်းသူ သားမောင်မူကား
ဦးတင်အပ်သည့် မွေးမေမေကို
သတိရရေး လှမ်းကွာဝေး၍
သံယောဇဉ်ကြား ဗျာများနေရ
ငါးနှစ်တိုင်တိုင် နေထိုင်ကုန်ဆုံး
လုံးချာလိုက်ရင်း လုံးချာလိုက်ရင်းနဲ့
ဒုက္ခတွင်းသို့ သက်ဆင်းနေရ
မိဘကျေးဇူး ထိမ်မြူးလေသူ
ကျွန်တော်လိုလူသား အမိုက်မှားကို
လမင်းပမာ အေးမြစွာနဲ့
မေတ္တာပေးပါ မွေးမေမေ………..

သုံးနာခြေခံ…ဆရာများထံ…….သို့.

သင်ခန်းစာများ၊သင်ကာကြားရင်း
တာဝန်ကျေပွန်၊ဆန္ဒမွန်ဖြင့်
ဆုံးမသွန်သင်၊မှားသည်ထင်၍
်ရင်ဝယ်လွယ်ဖွား၊မွေးသည့်သားသို့
ကောင်းစားစေချင်၊ဘဝတစ်ခွင်….
ဆရာ့ဆန္ဒ၊နှိုင်းကာမရ
လှိုင်းတပိုးများ၊ခွန်အားအလား
ပီတိတွေစား၊ဆရာမွေးဖွား
သုံးနာခြေခံ။ရည်စိတ်သန်ကာ
သင်ကြားမှာသွား၊ကျေးဇူးများသည်….
ခင်ပွန်းဆယ်ပါး၊ဂုဏ်အင်များကို
ကြုံလာတစ်နေ့၊ကျေးဇူးမမေ့
အောက်မေ့ရည်စူး၊တမလွန်ကူး
ဘဝခြားသွား၊နောင်ခါများတိုင်
ဆပ်ကာမကုန်၊ကျေးဇူးဂုဏ်ကို
လေးစားစွာဖြင့်၊ဆပ်သွားပါမည်………..